ဆွီဒင်နိုင်ငံအတွင်း ရှိ ကုမ္ပဏီ ၄ခုအား အမေရိကန်နိုင်ငံသို့ Google Analytics စနစ်ကိုအသုံးပြုပြီး သတင်းအချက် များပေးပို့ နေမှုများ ချက်ချင်းရပ်တန့်ရန် ဆွီဒင်အစိုးရက အမိန့်ပေးခဲ့”

ဇူလိုင် ၄

ဆွီဒင်နိုင်ငံ၏ အစိုးရက နိုင်ငံအတွင်းရှိ ကုမ္ပဏီ ၄ ခုအား ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အမေရိကန်နိုင်ငံ သို့လွှဲပြောင်း ခြင်းများတွင် အသုံးပြုသည့် Google Analytics စနစ်ကိုအသုံး ပြုနေခြင်းများကို ရပ်တန့်ရန် အမိန့်ပေးခဲ့ တာလည်းဖြစ်ပါတယ်။

ဆွီဒင်အစိုးရ နိုင်ငံအတွင်း အများပြည်သူ အသုံးပြုနေသည့် ဝဘ်ဆိုဒ်များတွင် အသုံးပြုသူများ၏ သတင်းအချက်အလက်များ ကို တိုင်းတာပြီး စောင့်ကြည့် လေ့လာ ခွဲခြမ်းစိတ်ဖြာသည့် Google စနစ်ကို အသုံးပြုခြင်းအား ရပ်တန့်ရန် နိုင်ငံအတွင်းရှိ ကုမ္ပဏီ ၄ခုအား ဆွီဒင်အစိုးရက ပြီးခဲ့သည့် ဇူလိုင် ၃ရက်နေ့က အမိန့်ပေးထုတ်ပြန်ခဲ့ပြီး နောက် အဆိုပါပရိုဂရမ်ကြီးသည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးနေတာဖြစ်တယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

ဆွီဒင် အစိုးရက ပြီးခဲ့သည့် တနင်္လာနေ့တွင် နိုင်ငံအတွင်း Google Analytics စနစ်ကို အသုံးမ ပြုကြရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် သတင်းအချက်အလက်များပေးပို့ခဲ့သည့် နိုင်ငံအတွင်းရှိ ကုမ္ပဏီ ၄ခုအား ဒဏ်ရိုက်သည့်အနေဖြစ် အဆိုပါ ကုမ္ပဏီများကို ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းနှင့် ညီမျှသော ငွေဒဏ်များရိုက်ခဲ့ ကြောင်းသတင်း ဌာနများကဖော်ပြပြောဆိုထားကြပါတယ်။