၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလအတွင်းသတ္တုတွင်းထွက် ပစ္စည်းပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိ

ဇူလိုင် ၃

       အခုဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်း၊ ကျောက်မျက်ရတနာ အပါအဝင် သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိထားကြောင်း၊အဆိုပါပမာဏမှာ ကာလတူနှစ်နဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းတွေအရ သိရပါသည်။

     ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက်မှ ဇွန်လ ၂၃ ရက်အထိ ပြည်ပသို့တင်ပို့ထားသည့် သတ္တုတွင်းထွက်ပစ္စည်းများ၏ ပို့ကုန်ဝင်ငွေအနေဖြင့် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄၆၄ သန်း၊ ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၈၂ သန်းတင်ပို့ထားခြင်း ဖြစ်ပါသည်။

      အဆိုပါ ပမာဏများအရ ယခုဘဏ္ဍာနှစ်မှာ နိုင်ငံပိုင်ကဏ္ဍမှ ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှု မြင့်တက်လာပြီး ပုဂ္ဂလိက တင်ပို့မှုမှာ လျော့ကျနေကြောင်း  သိရပါသည်။ ပြည်ပသို့တင်ပို့တဲ့ သတ္တုတွင်းထွက်ပစ္စည်း များမှာ ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနဲ့ အခြားသတ္တု အမျိုးမျိုးကို တင်ပို့နေကြောင်း သတင်းရရှိပါသည်။

#PAN