ခရီးသည်တင်ယာဉ်များမှလွဲ၍ အခြားမော် တော်ယာဉ်နဲ့ ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးမည်

ဇူလိုင် ၃

       ခရီးသည်တင်ယာဉ်များမှလွဲ၍ အခြားမော် တော်ယာဉ်နဲ့ ဆိုင်ကယ်များအားလုံးကို သက်တမ်းတိုးခြင်းလုပ်ငန်းနှင့်စပ်လျဉ်းပြီး ယာဉ်များကို
စစ်ဆေးခြင်းမပြုဘဲ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်း တိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးဌာန၊ ကညန (နေပြည်တော်ရုံး)၏ အသိပေးထုတ်ပြန်ချက်အရ သိရပါသည်။

     ယခုလို စီစဥ်ပေးတဲ့အတွက် မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်များအနေဖြင့် သတ်မှတ်ရက်အတွင်း သက်တမ်းတိုးခြင်း လုပ်ငန်းများကို လာရောက်ဆောင်ရွက်ကြရမှာ ဖြစ်သည်ဟု အသိပေးအကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။

#PAN