ရွှေကူမြို့နယ်အတွင်း အကြမ်းသောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက တရားမဝင်သစ်ထုတ်ခြင်း၊တရားမဝင် လျှပ်စစ်မီတာခများကောက်ခံခြင်း၊တရာမ၀င် ​ရွှေတူးဖေါ်မှုလုပ်ငန်းများမှ ဆက်ကြေးကောက်ခံခြင်း၊ တပ်သားသစ်စုဆောင်းခြင်းများ ပြုလုပ်

ဇူလိုင် ၃

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့
နယ်၊ စီသာတိုက်နယ်၊ စီသာကျေးရွာတွင် အကြမ်းသောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များ သည် စခန်းချတပ်စွဲနေထိုင်ကြပြီး စီသောင်ကြိုး ဝိုင်းအတွင်း သစ်စက်များဖြင့် သစ်များခွဲစိတ်ပြီး ရွှေကူမြို့ပေါ်နှင့် ကျေးရွာများကို သစ်ခွဲသာများပြန်လည်ရောင်းချခြင်း၊ ကျေးရွာများတွင် (၂၄)‌ နာရီ လျှပ်စစ်မီးသုံးစွဲမှုအတွက် လျှပ်စစ်မီတာခများကို လစဉ်ကောက်ခံခြင်း၊ ‌တရာမ၀င်ရွှေကျင်လုပ်ငန်းမှ လစဉ်ကြေးကောက်ခံခြင်းများ ပြုလုပ်နေကြကြောင်း၊ ကျေးရွာများရှိ ဆက်သွယ်ရေး တာဝါတိုင်များအတွက် လစဉ်ကြေးများကိုလည်း
ကောက်ခံခြင်များ ပြုလုပ်နေကြကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါသည်။

      သစ်ခွဲသာများကို ၀ယ်ယူလိုသော ကျေးရွာသားများအနေဖြင့် ၎င်းတို့ KIA – PDF အကြမ်း ဖက်အဖွဲ့များ ရောင်ချသော သစ်ခွဲသားများကိုသာ
၀ယ်ရန် အမိန်ထုတ်ထားပြီး မီးတာသုံးစွဲခများကို
အစိုရလျှပ်စစ်ဌာနကို ပေးသွင်းရန်မလိုပဲ ၎င်းတို့ခန့် အပ်ထားသော မီတာစာရေးများထံသာ လစဉ် ပေးသွင်းနေရပါသည်။

      တရာမ၀င် ရွှေစက်များအနေဖြင့် ရွှေတူးဖေါ်မှုအတွက် KIA-PDF အကြမ်းဖက်အဖွဲ့များကို လစဉ်ကြေး၊ နှစ်ကြေးများ ပေးသွင်ပြီး တူးဖေါ်နေ
ကြကြောင်း၊ ရွှေကူမြို့နယ်ရှိ ရွှေတူးဖေါ်မှုလုပ် ငန်းရှင်များအသင်းအဖွဲ့ အနေဖြင့် ယခင်အစိုးရလက်ထက်(၂၀၁၆-၂၀၂၀)က NLDလွှတ်တော်အမတ်များကဖွဲ့ထားသော အသင်းအဖွဲ့ဖြစ်ပြီး ယခုထိတိုင်မဖျက်သိမ်းပဲ ၎င်းတို့ ကပဲ ဦးဆောင်လုပ်ကိုင်လျှက်ရှိကြောင်း၊ ၎င်းအဖွဲ့သည် ရွှေကူ NLD ပါတီကို ငွေအား၊လူအားများစွာကူညီခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLDပါတီကို အစွမ်းကုန်ကူညီးခဲ့ကြကြောင်း၊ တပ်မတော် က နိုင်ငံအာဏာကို ထိန်းပြီးနောက်ပိုင်း မြို့နယ်တွင်း နေ့စဉ်ဆန္ဒပြမှုများတွင် ငွေကြေး၊ စားသောက်စရာများ ကူညီးခြင်း PDFသင်တန်းတက်ရောက်ရန် ကူညီမှုများကို ရွှေကူမြို့နယ်၊ ရွှေတူး‌ ဖေါ်လုပ်ငန်းရှင်များက များစွာကူညီခဲ့ကြောင်း၊ ယခုလက်ရှိ‌ရွှေတူးဖေါ်မှု ပြုလုပ်နေသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

       ၎င်းက ဆက်လက်၍ မြို့နယ် ရွှေတူးဖေါ်မှု လုပ်ငန်းရှင်အသင်းအဖွဲ့ ကိုလည်း အသစ်ပြန် လည်ဖွဲ့စည်းလိုကြောင်း၊ ရွှေလုပ်ငန်းလုပ်ကိုင်
ရန်အတွက် ငွေကြေးထည့်ဝင်မှုများစွာရှိကြောင်း ကိုပါ ထည့်သွင်းပြောကြားခဲ့ပါသည်။

       ထို့အပြင် အကြမ်းသောင်းကျန်းသူ KIA- PDF များအနေဖြင့် တပ်သားသစ်များ စုဆောင်းရာတွင် ကျေးရွာတစ်ရွာလျှင် တပ်သားသစ် ၂၀ ဦး တောင်းခံခေါ်ဆောင်လျှက်ရှိကြောင်း၊ ထိုသို့ တပ်သားသစ်သုဆောင်းမှုများကြောင့် အကြမ်း ဖက် KIA- PDF များနှင့် ကျေးရွာများရှိ ၎င်းတို့ ဖွဲ့ စည်းပေးထားသော ကျေးရွာကာကွယ်ရေးအဖွဲ့/ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် သဘောထားကွဲလွဲလျှက်ရှိကြောင်း၊ ယခု နှစ်လ သုံးလအတွင်း၌ ရွှေကူမြို့နယ်တွင် ဓါးပြတိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဓါးပြတိုက်သောအဖွဲ့ များတွင် လူအင်းအား ဆယ်ဦးမှ သုံးဆယ်ဦးခန့် ထိပါဝင်ပြီး လူတိုင်း သေနတ်များပါဝင်ကြကြောင်း သတင်းရရှိပါ သည်။

#PAN