ရှမ်းပြည်နယ်၊ရွာငံမြို့နယ်မှ  ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာစျေးသို့ စျေးလာဝယ်သူ သာမန်ပြည်သူ အမျိုးသမီးတစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၃

    ယနေ့ နံနက် ၈ နာရီး ၄၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ရွာငံမြို့နယ်၊ကညို့ကျေးရွာနေ ဒေါ်လဲ့လဲ့ဝင်း(ခ)ဘိုမ၊၄၂နှစ်၊(ဘ)ဦးတင်အောင် သည် မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာစျေးမှ စျေးဝယ်ပြီး အပြန်တွင် ကျောက်ဆည်မြို့နယ်၊တောင်တော်ကျေးရွာအနီး ရွာငံ-ဟံမြင့်မိုရ်ကားလမ်းပေါ်သို့ ရောက်ရှိစဥ် ဆိုင်ကယ်တစ်စီးဖြင့် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးက နောက်မှလိုက်ပါလာကာ သေနတ်ဖြင့် ၃ချက် ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

     ထိုသို့  သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်လဲ့လဲ့ဝင်းမှာ ယာ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ခြေသလုံး ဖောင်ဝင်ဒဏ်ရာ ၁ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းနှင့် ယခုကဲ့သို့ သတ် ဖြတ်ရသည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN