အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ HELLO MOBILE ဖုန်းဆိုင်တွင် Power Bank ကို အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ဇူလိုင် ၃

    ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ် ကွက်၊စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ HELLO MOBILE ဖုန်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ၁၂ နာရီ ၃၃ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

     မီးလောင်မှုဖြစ်ပွားရခြင်းမှာ ပိုင်ရှင် ဦးလှိုင်မင်း၊၇၄နှစ်၊(ဘ)ဦးခင်ညွန့်၊အိုးတော်ရပ်ကွက်၊အမရပူရမြို့နယ်နေသူ၏ HELLO MOBILE ဖုန်းဆိုင် အပေါ်ထပ် အိပ်ခန်းအတွင်း Power Bank
ကို အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

     မီးလောင်မှုကြောင့် နေအိမ်အိပ်ခန်းနှင့်အိပ်ခန်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ၅သိန်းကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN