ကော့ကရိတ်မြို့နယ်၊ကော့ကရိတ် – ရန်ကုတ် – နောင်နှိုင်းကျေးရွာချင်းဆက် လမ်းပေါ် ရှိ ရန်ကုတ်ချောင်းကူးတံတား ကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF အဖွဲ့က ဒုတိယအကြိမ် ဖောက်ခွဲဖျက်ဆီး

ဇူလိုင် ၃

     ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွက်၊ တံတားရပ်တွင်
ကော့ကရိတ်တပ်နယ်မှ အရာရှိဦးစီးအဖွဲ့သည်  မြို့လုံခြုံရေး ဆောင်ရွက်နေစဉ် အခြေပြုရာ၏ မြောက်ဘက် မီတာ ၆၀၀ ကျော်ခန့်အကွာ လယ် ကွင်းအတွင်းမှ ပေါက်ကွဲမှု ၁ ခုဖြစ်ပွားခဲ့ကြောင်း ၊ ထိုပေါက်ကွဲမှု ဖြစ်ပွားခဲ့သောနေရာကို အဆိုပါ လုံခြုံရေးအဖွဲ့က ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ လိုက်လံရှင်းလင်းရှာဖွေခဲ့ရာ ကော့ကရိတ် – ရန်ကုတ် – နောင်နှိုင်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းပေါ် ရှိ ရန်ကုတ်ချောင်းကူး အရှည် (၁၆၀)ပေ၊ အကျယ် (၂၀)ပေရှိ သံဘောင်ကွန်ကရစ်တံတားအား ထပ်မံ၍မိုင်းခွဲဖျက်ဆီးခြင်းခံထားရပြီး ကျန်ရှိသည့် အရည် (၁၂၀) ပေအနက် (၄၀)ပေခန့် ထပ်မံပျက်ဆီးခဲ့ရာ ဆုံးရှုံးမှု ကာလတန်ဖိုး သိန်း(၆၀၀)ကျပ်ခန့် ထပ်မံဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ တံတားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်က အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF အဖွဲ့က ပထမအကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါ သည်။

#PAN