တနိုင်းမြို့တွင် စက်သုံးဆီပြတ်လပ်မူ့ကြောင့် လယ်ယာထွန်ယက်ချိန်တောင်သူများ အခက်အခဲများဖြစ်ပေါ်

ဇူလိုင် ၃

     ယမန်နေ့မှစ၍ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊တနိုင်းမြို့တွင် တရားဝင်စက်သုံးဆီရောင်းဝယ်ရေးဆိုင်များသည် ဆီ​ပြတ်လပ်သွား ၍ ဆိုင်များပိတ်ထားသည်မှာ တစ်ပတ်ခန့်ရှိ​နေပြီဖြစ်ပြီး၊ အချို.ဆိုင်များကမူ ယမန်နေ့ ညနေမှစ ၍ ဒီဇယ်၊ ဓါတ်ဆီပြတ်လပ်သွား၍ ဆိုင်ပိတ်ထားလိုက်ပြီဖြစ်​ကြောင်းသိရပါသည်။

     စက်သုံးဆီပြတ်လပ်မူ့ကြောင့် လယ်ယာထွန်ယက်ချိန်တောင်သူများ အခက်အခဲများဖြစ်ပေါ်နေကြကြောင်း၊ ယခုလို မိုးဦးကာအချိန်တွင် စက်သုံးဆီပြတ်လပ်မူ့သည် လယ်ယာလုပ်ငန်းဝင်နေသောတောင်သူများကို ​ပိုပြီးထိခိုက်နစ်နာ​မှုဖြစ်စေ​ကြောင်း သတင်းရရှိပါသည်။

#PAN