လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သား ၄ ဦးကို လူ သတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂

      ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ရဲစခန်းရှေ့တွင်  ပစ်ခတ်မှု့ ဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး ဦးအောင်ခိုင်၊ ရဲတပ်ကြပ် ကျော်ကျော်မြင့် ၊ အရပ်သားများဖြစ်ကြသော လုလင် ကျော်ရွာမှ ဦးအေးမင်(ကိုယ်ရေးစိစစ်ဆဲ)၊ ဇီးဖြူကုန်းဘူတာမှ ဦးကြည်လွင်(ကိုယ်ရေးစိစစ်ဆဲ) တို့ လေးဦးသေဆုံးပြီး အရပ်သား ဦးမောင်မောင်ညွန့်(ခ) မောင်ညွှန့်၊ ၃၇
နှစ်၊ (ဘ)ဦးစိန်သန်း၊ မိုးဆယ်ရွာ၊ ဆင်မနီအုပ်စု၊ လက်ပံတန်းမြို့နယ် နေသူတွင် ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) နှင့် ဦးချစ်ကိုဦ၊၃၁ နှစ်၊ (ဘ)ဦးတင်ဝင်း၊ မြို့မရပ်၊လုလင်ကျော်အုပ်စု၊ လက်ပံတန်းမြို့ နယ်နေသူတွင် ဝဲ/ယာ ပေါင်နှစ်ဖက်ကျည် ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       ဖြစ်စဥ်ကို စုံးစမ်းကြည့်ရာ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ဇီးဖြူကုန်းရဲစခန်းမှ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက အဆိုပါရွာအတွင်း ရဲစခန်းအနီးရှိ လောင်းကစားဝိုင်းသို့ သွားရောက်စဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နံနက် ၄ နာရီအချိန် ဇီးဖြူကုန်းကျေးရွာ ရဲစခန်းရှေ့တွင် သေနတ်ပစ်ခတ်သံ အချက်ငါးဆယ်ကျော်ခန့် ကြားရကြောင်း၊ လောင်းကစားဝိုင်းပစ်ခတ်မှုက  အကြမ်းဖက် PDF များနှင့်ပတ်သက်မှုရှိနိုင်ကြောင်း စသည်ဖြင့် ဒေသခံရွာသားများမှ သတင်း ပေးပို့လာပါသည်။

   ”လောင်းကစားဝိုင်းက ရှိတာကြာပြီဗျ၊ မနှစ်က ဆောင်းကတည်းက ရှိနေတာ၊ မနေ့ည က သေဆုံးသွားတဲ့ ရဲ နှစ်ဦးရယ်၊ သေဆုံးဒဏ်ရာရတဲ့ အရပ် သား ၄ ဦးက လောင်းကစားဝိုင်းမှာ အရက်အတူသောက်နေတုံး PDF အကြမ်းဖက်တွေက လာပစ်သွားတာဗျ” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက PAN သို့ ပြောကြားလာပါသည်။

#PAN