စားအုန်းဆီ တစ်ပိဿာ ကျပ် ၉၀၀၀ နီးပါးထိမြင့်တက်

ဇူလိုင် ၂

    ရန်ကုန်မြို့၌ စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ ကျပ် ၉၀၀၀ နီးပါးထိဆက်လက်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များထံမှသိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည့် စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ ဇွန် ၂၆ ရက်မှ ဇွန် ၂ ရက်အထိ ရန်ကုန်အခြေခံလက်ကားဈေး စားအုန်းဆီတစ်ပိဿာလျှင် ၄၁၀၀ ကျပ်ဟုထုတ်ပြန်ထားသော်လည်း လက်ရှိဈေးကွက်ထဲတွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၉၀၀၀ နီးပါးထိပေါက်ဈေးရှိနေခြင်းဖြစ်သည်။

      “စားဆီတစ်ပိဿာ ၉၀၀၀ ၊ ဒီရက်ပိုင်းမှာ အမေရိကန်နိုင်ငံ ရဲ့ မြန်မာနိုင်ငံက နိုင်ငံခြားငွေစီးဆင်းတဲ့ ဘဏ်နှစ်ခုကို ပိတ်ဆို့လိုက်တဲ့နောက်ပိုင်း ဒေါ်လာစျေး တက်လာပြီး အခုလို စားအုန်းဆီစျေးတွေ မြင့်တက်သွားတာ ဖြစ်နိုင်ပါတယ်” ဟု ရန်ကုန်မြို့က ယခင် စားအုံးဆီတင်သွင်းခဲ့ဘူးတဲ့ လူတစ်ဦးက PAN သို့ပြော​ပြလာပါ
သည်။

    ယခင်လဇွန် ၂၄ ရက်နေ့က စားအုန်းဆီ ၁၀ ပိသာ ၁၀ ပုံးစျေးမှာ ၇၀၀၀၀ ကျပ် ပေါက်နေရာ
တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယမန်နေ့ (ဇူလိုင် ၁ ရက်)မှာ စားအုန်းဆီ တစ်ပိဿာကျပ် ၉၀၀၀ အထိပေါက်ဈေးရှိခဲ့ကြောင်း ဆန် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။

    ယမန်နေ့(ဇူလိုင် ၁ ရက်)တွင် နစက၏ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများသည် ပြည်တွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။

#PAN