ပေါက်ခေါင်းမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် ကျေးရွာ အုပ် စု၊ အုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို လူသတ်အကြမ်း ဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂

     ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝ်ိုင်းအုပ်စု၊ရွာမကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းဇော်(ခ)ပေါက်စ၊ ၄၅ နှစ်၊ရာအိမ်မှူး သည် စက်တုံးကျေးရွာတောင်ဘက်သုံးမိုင်ခန့်အကွာရှိယာခင်းထဲ၌ ပဲစိုက်နေစဥ် အမည်မသိ လူသတ်အကြမ်း ဖက် PDF ၅ ဦးခန့်မှ သေနတ်များဖြင့်လာရောက်ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရပါသည်,

       အလားတူ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊စက်တုံးရွာနှင့်မင်းလမ်းရွာကြားမြေနီလမ်းတွင် ကြို့ပင်ဝိုင်းကျေးရွာ အုပ် စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ၆၂နှစ်ကိုလည်း စိစစ်ဆဲ လူသတ်အကြမ်းဖက် PDF များက သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ပြည်သူ များကို ဒလန်ဟူသော ခေါင်းစဥ်ဖြင့် သတ်ဖြတ်နေသည်မှာ ၎င်းတို့၏ ကြွေးကြော်သံများနှင့် ဆန့်ကျင့်ဖက် လုပ်ဆောင်နေကြကြောင်း သိရှိရပါသည်။

#PAN