ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့၏ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူမိန်းကလေး တစ်ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၂

    ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်း ခေါင်းဆောင် (စိစစ်ဆဲ)အ‌ဖွဲ့မှ ကော့ကရိတ်မြို့နယ်၊ မောင်းမရွာသစ်ဘက်မှ ၆၀ မမ ၁ လုံးပစ်ခဲ့ရာ ကော့ကရိတ်မြို့နယ် ၊အမှတ်(၁)ရပ် ကွက်၊ ရွှေကြက်မင်းလမ်း၊ အထက(ချောင်းတောင်)အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ပေါက်ကွဲမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ ရွှေကြက်မင်းလမ်းနေ အပြစ်မဲ့ပြည်သူ မနန်းစုခိုင်ငြိမ်း၊ ၁၅ နှစ်၊ (ဘ)ဦးစံငြိမ်းထံတွင် ‌ညာခြေသလုံးဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီးကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

  ” ကံကောင်းတယ်လို့ပြောရမှာဘဲ ခြေသလုံးကိုဘဲ ဗုံးစမှန်လို့၊ ဗုံးစက ဝမ်းဗိုက်ကို ဖောက်ဝင်သွားရင်တော့ အသက်အန္တရာယ် စိုးရိမ်ရမှာပေါ့၊ အရင်လို အမြန်အေးချမ်းချင်ပါပြီ” ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးက PAN သို့ ပြောပြလာပါ သည်။

    အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့အနေဖြင့် စိန်ပြောင်းပစ်ခတ်ခြင်းကို စနစ်တကျ တတ်မြောက်ထားခြင်းမရှိဘဲ တတ် ယောင်ကားလုပ်ကာ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဇွန်လ ၂၈ ရက်နေ့ကလည်း ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘိုကုန်းရပ်၊ ဗိုလ်ချုပ်လမ်နေရာများသို့ ၆၀ မမ ဗုံးသီး ၃ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါသည်။ ထိုကဲ့သို့ ပြည်သူကို မထောက်ထားဘဲ လက်နက်ကြီးများ ပစ်ခတ်နေမှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့အပေါ် ပြည်သူများက မလိုလားတော့ဘဲ မုန်းတီးနေကြကြောင်း သိရှိရပါသည်။

#PAN