ဘီးလင်းမြို့နယ်အတွင် ကျေးရွာများရှိ အစိုးရစာသင်ကျောင်းများကို ရက်အကန့် အသတ်မရှိ ပိတ်ထားရန် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ခြိမ်းခြောက်အသိပေးအကြောင်းကြား

ဇူလိုင် ၂

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒ၀ယ်ကျေး ရွာအုပ်စု၊ ဂုန်ညင်းနွယ်ကျေးရွာအုပ်စု၊ ညောင်ထောက်ကျေးရွာအုပ်စုနှင့် ကဇိုင်းကျေးရွာအုပ်စုများအတွင်း ဖွင့်လှစ်သင်ကြားလျှက်ရှိသော အစိုးရစာသင်ကျောင်းများအား ရက်အကန့် အသတ်မရှိ ပိတ်ထားရန်၊ အဆိုပါကျေးရွာများအတွင်း ခိုအောင်းနေသော ကေအင်န်ယူနှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များက ယနေ့တွင် အသိပေးအကြောင်းကြားမှုများ ပြုလုပ်ခဲ့ပါသည်။

      ထိုသို့ စာသင်ကျောင်းများပိတ်ထားရန် အကြောင်းကြားလာမှုများကြောင့် ၎င်းကျေးရွာများအတွင်း စာသင်ကြားလျှက်ရှိသော ဆရာ၊ ဆရာမများအနေဖြင့် ပညာသင်ကြားမှုဆက်လက်ပြုလုပ်ရန် ကြောက်ရွံ့မှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်။

      ထို့ကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များ၏ ယခုလို ပညာသင်ကြားမှုများအဟန့်အတားဖြစ်စေသည့် ခြိမ်းခြောက်ပြောဆိုမှုများသည် ဒေသတွင်း ကျောင်းသူ/သား ကလေးများကို ပညာမဲ့ပြီး အနာဂါတ်ဘဝပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေကြောင်း၊ ၎င်းအကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ကြကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

#PAN