မကွေးတိုင်းဒေသကြီးအတွင်းမှ နယ်မြေသတင်းများ

ဇူလိုင် ၁

        ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် ယောချောင်းအခြေစိုက် လူသတ်အကြမ်းဖက် PDF များက ဆိုင်ကယ်လေးစီး လူ ၇ ယောက်ဖြင့် ဆိပ်ဖြူမြို့နယ်၊ ဆင်နီတောင်ကျေးရွာမှ တပ်မတော်ထောက်ခံသူ ဒေါ်ဝင်းသန်းကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

        ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ပခုက္ကူမြို့နေ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးဆွေလင်းကို နေအိမ်တွင်ရှိနေစဥ် လူသတ်အကြမ်းဖက် PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ အဆိုပါအကြမ်းဖက်အဖွဲ့က ယနေ့ နံနက်ပိုင်တွင် သတ်ဖြတ်လိုက်ကြောင်း သိရပါသည်။

     ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က မြိုင်မြို့၊အ.ထ.က(၁)ကျောင်းဝိုင်းအတွင်း၌ ဌာနဆိုင် ရာဝန်ထမ်းများနှင့် ကျောင်းဆရာ/မများ၊ကျောင်းသား/သူများသည် ကျောင်းဝိုင်းအတွင်းစုပေါင်းသန့်ရှင်းရေး ပြုလုပ်နေစဥ် လူသတ်အကြမ်းဖက် PDF များက Drop Bomb သုံးလုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်းနှင့် လူ/အဆောက်အဦးထိခိုက်ပျက်စီးမူမရှိကြောင်း သိရှိရသည်။

   ဆိပ်ဖြူမြို့နယ်အတွင်းရှိ ယောချောင်းအခြေ စိုက် လူသတ်အကြမ်းဖက် PDF များသည် စလင်းမြို့နယ်အတွင်း တွင်းခေါင်းကျေးရွာ၊ ရေမကျေးရွာ၊ ချောင်းရေတက်ကျေးရွာ များ၏ အနောက်တောင် တညောင်မြို့၏ အနောက် မြောက်သို့ ပြောင်းရွေ့နေထိုင်ရန် စည်းဝေးတိုင် ပင်နေကြကြောင်း အတွင်းသတင်းအရ သိရှိရပါသည်။

#PAN