ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၄၀၀ ကျော်ထပ်မံခေါ်ယူမည်

ဇူလိုင် ၁

        ဂျပန်နိုင်ငံမှ ကုမ္ပဏီများတွင် အလုပ်လုပ် ကိုင်ဖို့ မြန်မာလုပ်သား ၄၀၀ ကျော် ထပ်မံခေါ်ယူသွားမည်ဟု တိုကျို မြို့မှ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၃၀ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

     ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကမ်းလှမ်းလာတဲ့ မြန်မာလုပ်သား ၄၀၀ ကျော်အတွက် အလုပ်ခေါ်စာတွေကို ဇွန်လ ၁၆ ရက်ကနေ ၃၀ ရက်အတွင်း စိစစ်ထားတဲ့ အလုပ်ကမ်းလှမ်းစာ ၂၉၃ ခု ဖြစ်တယ်လို့ သိရပါတယ်။

        အလုပ်ကမ်းလှမ်းထားတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိ/မရှိနဲ့ စာရွက် စာတမ်း အထောက်
အထားတွေကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည်ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

      ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း ဂျပန်နိုင်ငံက မြန်မာလုပ်သားတစ်ထောင်ကျော်ကို ခေါ်ယူမယ့် အလုပ်ကမ်းလှမ်း စာ ၃၅၀ ကျော် ပေးပို့ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလက ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁၈၀၀ ကျော်ကို ခေါ်ယူမယ့် အလုပ်ကမ်းလှမ်းစာ ၅၅၀ ကျော် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

#PAN