အောင်မြေသာစံမြို့နယ်တွင် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် တစ်ဦးကို လူသတ်အကြမ်းဖက် PDFများ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁

        ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊မဟာဇေယျာဘုံရပ်ကွက်၊၂၅×၆၅ လမ်းထောင့်နေ
မန္တလေးယာဥ်ထိန်းရဲတပ်ဖွဲ့စု ၉၁၊ ချမ်းအေးသာစံမြို့နယ်မှ ဒု-တပ်ကြပ် ချစ်ဇော်ဝင်း၊၃၂နှစ်သည် ၂၆လမ်းအတိုင်း အရှေ့မှအနောက်သို့ SCOOPY ဆိုင်ကယ်၊ယာဥ်အမှတ် MDY-51W/17492 ဖြင့်မောင်းနှင်လာစဥ် ၂၆×၆၂ လမ်းထောင့်အရောက်တွင် အမည်မသိ လူသတ်အကြမ်းဖက် PDF အမျိုးသား ၂ဦးက ဆိုင်ကယ်ဖြင့်နောက်မှ လိုက်ပါလာကာ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ပြီး ၂၆ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

       သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒု-တပ်ကြပ် ချစ်ဇော်ဝင်းမှာ ယာဘက်ရင်ဘတ်အောက် ပေါက်ထွက်ဒဏ်ရာ ၂ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရပါသည်။

#PAN