စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နှင့် ရွှေဘိုမြိုနယ်တို့တွင် လူသတ်အကြမ်းဖက် PDF များက ခရီးသွားမော်တော်ယာဥ်များကို မိုင်းထောင်/မိုင်းဆွဲ တိုက်ခိုက်ရာမှ အပြစ်မဲ့ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၁

        ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို၊ ငါးယှန်ကျေးရွာအဝင်ရှိ တံတားအနီး၌ လမ်း၏ညာဘက်ခြမ်း ၅ ပေခန့်အကွာ၌ လူသတ်အကြမ်းဖက် PFD များက အပြစ်မဲ့ပြည်သူများကို ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ထောင်ထားသော လက်လုပ်မိုင်း ၅ လုံးခန့် ပေါက်ကွဲခဲ့သဖြင့် မန္တလေး – ရေစကြိုပြေးဆွဲနေသည့် ရွှေသလ္လာခရီးသည်ယာဉ်၏ ညာဘက်ခြမ်းဘော်ဒီ မိုင်းစများ ထိမှန်ထောက်ထွက်ပြီး ယာဉ်ပေါ်လိုက်ပါလာသော အပြစ်မဲ့ပြည်သူ ၈ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ချောင်းဦးမြိုပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါသည်။

      အလားတူ ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရွှေဘိုမြိုနယ်၊ ဇီကုန်းမြိုလမ်းဆုံတွင် အေချမ်းစွာ ခရီးသွားလာနေသော ကုန်တင်ယာဉ် ၁ စီးအား လူသတ်အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးတိုမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ရွှေဘိုမြိုပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN