ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းအနီးပတ်ဝန်း ကျင်တွင် ဖိုက်ဘာစက်လှေတစ်စီး လူ ၈ ဦးကအုပ်စုဖွဲ့ ပစ္စည်းလုယက်မှုများ မကြာခဏ ပြုလုပ်

ဇူလိုင်  ၁

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ အောင်စည်မင်္ဂလာရွာတွင် နေထိုင်သော ကိုဖြိုးအောင် (ဘ)ဦးလှမြင့် သည် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မိဘများနေထိုင်သော ထော်ပိုင်ကျေးရွာအုပ်စု ၊ ရွေးချောင်းရွာမှ မိမိ‌ နေထိုင်ရာအောင်စည်မင်္ဂလာရွာသို့ စက်လှေဖြင့် ပြန်လာရာ မင်္ဂလာရေ ကျော်ကျေးရွာအနီး၌ မြစ်ထဲက ဖိုက်ဘာရေယာဉ်တစ်စီးပေါ်တွင် အမျိုးသား ၈ ဦးပါ စက်လှေက ၄င်း၏ စက်လှေကို ရပ်ခိုင်းပြီး ပါလာသော ဖုန်းနှင့် ငွေကျပ် ၇ သိန်းလုယူ၍ လူအားရိုက်နှက်ထားခဲ့ကြောင်း၊ အဆိုပါ ဖိုက်ဘာစက်လှေနှင့်လူ ၈ ဦးသည် မိန်းမလှကျွန်းဘက်သို့ပြန်လည်ထွက်ခွားသွားခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတွင် လွန်ခဲ့သော ၂ လခန့်က ပဒဲကောကျေးရွာ လုံခြုံ ရေး ကဒုံကနိရေတပ်မှ ဆရာကြီးတစ်ဦး ပစ် သတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားသည့်နေရာနှင်ဆက်စပ်နေကြောင်း၊ ပဒဲကောဖြစ်စဉ်မဖြစ်မီ နေ့ခင်းဘက် အဆိုပါ အခင်းဖြစ်နေရာ၌ပင် ယခုလိုမသင်္ကာစရာ ဖိုက်ဘာစက်လှေတစ်စီးအား လူ ၈ ဦးဖြင့်တွေ့ရတတ်ပြီး မိန်းမလှကျွန်းအနီးတဝိုက်၌ မကြာခဏ ယခုလို အုပ်စုလိုက် လုယက်ပစ္စည်းယူခြင်းများဖြစ်ပွားမှုများရှိ‌ခဲ့ကြောင်း၊ မိန်းမလှကျွန်း တောထဲတွင်မသမာသူများရှိနေနိုင်သည်ဟုယူဆရကြောင်း ဒေသခပြည်သူများမှ သတင်းပေးပို့လာပါသည်။

#PAN