“အမေရိကန် က ဒေါ်လာ ၄၄၀ သန်းကျော် တန်ဖိုးရှိ စစ်လက်နက် အပိုပစ္စည်း အစိတ်အပိုင်းများ နှင့် ခဲယမ်းများ ကိုထိုင်ဝမ် သို့ ရောင်းချနိုင်ရန် ပြင်ဆင်နေ”

ဇွန် ၃၀

အမေရိကန်နိုင်ငံက ကန်ဒေါ်လာ သန်း ၄၄၀ ကျော် တန်ဖိုးရှိ စစ် လက်နက် အစိတ်အပိုင်းများနှင့် ခဲယမ်းများကို ထိုင်ဝမ်နိုင်ငံသ်ို့ ရောင်းချနိုင်ရန် စီစဉ်နေကြတာလည်းဖြစ်ပါတယ်။

ထိုင်ဝမ် ကျွန်းနှင့် ဝါရှင်တန်(အမေရိကန်) တို့၏ ဆက်ဆံရေးကို ဘေဂျင်း(တရုတ်) နိုင်ငံ က သဘောမတူကြောင်း ပြင်းပြင်းထန်ထန် ပြောဆ်ိုထားသော်လည်း တိုင်ပေ(ထိုင်ဝမ်) သို့ စစ်လက်နက်ပစ္စည်းများ ရောင်းချရန် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဌာနက ကြေညာခဲ့တာ လည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ နှင့် ထိုင်ဝမ် နိုင်ငံတို့ကြား တင်းမာမှုများ မြင့်မားနေခြင်းကြောင့် ထိုင်ဝမ်၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို စစ်ရေးအရမြှင့်တင်နိုင် ရန် အတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၄၄၀ ဒသမ ၂ သန်း တန်ဖိုးရှိ လက်နက် အစိတ်အပိုင်း များ နှင့် ခဲယမ်းများကို ရောင်းချ သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၉ရက် ကြာသပတေးနေ့က အမေရိကန် နိုင်ငံခြား ရေးဌာနက ပြောကြား ခဲ့တာဖြစ် ပါတယ်။

အဆိုပါ အမေရိကန် – ထိုင်ဝမ် နှစ်နိုင်ငံ သဘောတူညီချက်များတွင် ၃၀ မီလီမီတာ ကျဥ်အမျိုးအစား ခဲယမ်းမီးကျောက်များနှင့် ဆက်စပ် ပစ္စည်းများအတွက် ကန်ဒေါ်လာ ၃၃၂ ဒသမ ၂ သန်း နှင့် စစ်သုံး ဘီးတပ်ယာဉ်များ လက်နက်ကြီး များအတွက် အပိုပစ္စည်းများ နှင့် ပြုပြင်ရေးဆိုင်ရာ အစိတ်အပိုင်းများအတွက် ကန်ဒေါ်လာ ၁၀၈ သန်း ထိ ရောင်းချသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများသည် ထိုင်ဝမ်နိုင်ငံ အား “ယုံကြည်ရလောက်သော ခံစစ်စွမ်းရည်ကို ထိန်းသိမ်းထားရန် ကူညီပေး လိမ့်မည်ဖြစ်ကြောင်း”နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားထားပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။