အကြမ်းဖက်သောင်းကျန်းသူ ကျားဖြူစစ် ကြောင်း ၅ မှ ၆၀မမဗုံးသီးများ ကော့ကရိတ်မြို့တွင်းသို့ ပစ်ခတ်

ဇွန် ၃၀

     ယမန်နေ့ ညနေ ၅နာရီအချိန်က ကရင်ပြည် နယ်၊ ကော့ကရိတ်မြောက်ဘက်ခြမ်း ပျားပင်ဘက်တွင်အခြေပြုလူပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူ ကျားဖြူစစ်ကြောင်း ၅ မှ ဗိုလ်ပွဲတော် ဦးစီးပြီး ရုံးကြီးအနောက်ဘက် မှနေ၍ ကော့ကရိတ်မြို့တွင်းသို့ ၆၀မမ ၄ လုံးပစ်ခတ်ခဲ့ပါသည်။(ရုပ်သံမှတ်တမ်း)

      အဆိုပါ အကြမ်းဖက်အဖွဲ့က ကော့ကရိတ်အခြေ စိုက် ခလရ(၉၇) ကို ပသ်မှတ်ထား ပစ်ခတ်ခဲ့သော်လည်း ခလရ(၉၇) အနီး ဗုံးသီး နှစ်လုံးသာကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မူတစုံတရာမရှိကြောင်း၊ ကျန် ဗုံးသီးများမှာ မည်သည့်နေရာတွင် ကျရောက်မှန်းမသိရကြောင်း၊၎င်း အကြမ်း ဖက်အဖွဲ့အနေဖြင့် စိန်ပြောင်းပစ်ခတ်ခြင်းကို စနစ်တကျ တတ်မြောက်ခြင်းမရှိဘဲ တတ်ယောင် ကား ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဇွန်လ ၂၈ ရက်နေ့က ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘိုကုန်းရပ်၊ ဗိုလ်ချုပ်လမ်နေရာများသို့ ၆၀ မမ ဗုံးသီး ၃ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ KKO အဖွဲ့သည် ကရင်ပြည်နယ် ပြည်သူများအပေါ် ဒုက္ခအပေးဆုံးအဖွဲ့ ဖြစ်နေကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN