“ပြင်သစ်နိုင်ငံတွင် အစိုးရအား ဆန့်ကျင် ဆန္ဒပြမှုများ ပြင်းထန်နေသော်လည်း သမ္မတ Macron က နိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့ သည့် ဖျော်ဖြေပွဲကို တတ်ရောက်ခဲ့”

ဇွန် ၃၀

ပြင်သစ် သမ္မတ Emmanuel Macron က ပြင်သစ်နိုင်ငံအတွင်း ဆယ်ကျော်သက် လူငယ်တစ်ဦးအား ပြင်သစ်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရပြီး နောက် တစ်ရက် တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗြိတိန် နာမည်ကြီး အဆိုတော် Elton John ၏ဖျော်ဖြေပွဲသို့ သွားရောက်လည်ပတ်ခဲ့သည့်ဗီဒီယို မှတ်တမ်း သတင်းသည် Social Media များပေါ်တွင် ပျံ့နှံ့သွားခဲ့ တာလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ကြာသပတေးနေ့ညက ပြင်သစ်နိုင်ငံတွင်ဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုများအတွင်း တနိုင်ငံလုံး အတိုင်းအတာ အရ ဖမ်းဆီးမှုပေါင်း ၁၀၀ ကျော်ထိရှိတယ်လို့ ပြင်သစ်နိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူက တရားဝင် ထုတ်ပြန် ထားတာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။