ဇွန်လအတွက်အောင်ဘာလေထီ ကျပ်သိန်းနှစ်ထောင်ဆု ထပ်တိုးချီးမြှင့်မည်

ဇွန် ၃၀

      ဇွန်လအတွက် အောင်ဘာလေထီ ရောင်းအားကောင်းလာသဖြင့် အထူးဆုကြီး ကျပ်သိန်းနှစ်ထောင်ဆု ထပ်တိုး ချီးမြှင့်သွားမည်ဟု ပြည် တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲကနေ ဇွန်လ ၃၀ ရက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

      ဇွန်လအတွက် အောင်ဘာလေထီနဲ့ အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၅,၁၀၀ ကျော် ရှိခဲ့ပြီး ကျပ်သန်း ၃,၆၀၀ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်များအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ မေလက ထီလက်မှတ်ရောင်းရငွေထက် ကျပ်သန်း ၁၀၀ ကျော်လောက် ရောင်းအားတိုးလာခဲ့တာ ဖြစ်ပါတယ်။

        ယခုလို ထီရောင်းအားတိုးတက်လာတဲ့အတွက် မနက်ဖြန် ဇူလိုင်လ ၁ ရက်မှာ ကျင်းပမယ့် အောင်ဘာလေထီဖွင့်ပွဲမှာ အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင်တစ်ဆုနဲ့ ကျပ်သိန်းတစ်ထောင် တစ်ဆုအပြင် ကျပ်သိန်းနှစ်ထောင် တစ်ဆုကိုပါ ထပ်တိုးချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

#PAN