အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ကျုံအိတ်တံတားကိုခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံ ရေးအဖွဲ့များသွားရောက် စစ်ဆေးနေစဥ် အကြမ်းဖက်အဖွဲ့ကDrop Bomb ဖြင့် တိုက်ခိုက်

ဇွန် ၂၉

    ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တတံတားပျက်စီးမှုကို သွားရောက်စစ်ဆေးပြီး.ရန်ကုန်-မော်လမြိုင် ကားလမ်း မပေါ်တွင် ဖြတ်သန်းသွားလာသော ယာဥ်များ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး လမ်းရှင်းလင်းဆောင်ရွက်ပေးနေသော ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံ ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေသံလွင်ကုမ္ပဏီဝန်ထမ်းများ ရောက်ရှိနေစဥ် နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အဆိုပါအကြမ်းဖက် သောင်းကျန်းသူများက Drone ဖြင့် Drop Bomb ၅ လုံးခန့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်။

      ၎င်း Drop Bomb များ ပေါက်ကွဲမှုကြောင့် တပ်မတော်သား ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ထွေ/အုပ်ဝန်ထမ်း ၁ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး၊ ရွှေသံလွင်ဝန်ထမ်း ၂ ဦး စုစုပေါင်း ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ခရိုင်လမ်းဦးစီးမှူး ၁ ဦးနှင့် ထွေ/အုပ်စာရေး ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN