ရန်ကုန်- မော်လမြိုင်သွားကားလမ်း (မိုင်တိုင်အမှတ် ၁၃၁/၆ နှင့် ၁၃၁/၇ ကြား)၊သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တတံတားကို အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

ဇွန် ၂၉

       မွန်​ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒုံဝန်းကျေး ရွာနှင့် ရွှေရောင်ပြကျေးရွာကြား၊ ရန်ကုန်- မော်လမြိုင်သွားကားလမ်း (မိုင်တိုင်အမှတ် ၁၃၁/၆ နှင့် ၁၃၁/၇ ကြား)၊သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တတံတားကို ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ပါသည်။

       မိုင်းထောင်ဖောက်ခွဲချိန်တွင် ယာဥ်ငယ် နှစ်စီးမှာ အရှိန်ဖြင့်မောင်းနှင်းလာစဥ် တံတားပြိုကျနေသည်ကို မသိရှိဘဲ မောင်းနှင်းရာမှ အောက်သို့ပြုတ်ကျခဲ့ကြောင်း၊ ယာဥ်နှစ်စီးလုံးပျက်စီးခဲ့ပြီး ထိုယာဥ်များပေါ်တွင် လိုက်ပါလာသော(စိစစ်ဆဲ) လူတစ်ဦး သေဆုံးပြီး တစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းကြောင့် တံတား၏ယာဘက်ခြမ်းပြိုကျပျက်စီးခဲ့သဖြင့် ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်ငယ်များသွားလာနိုင်ပြီး ယာဉ်ကြီးများ ပိတ်ဆို့မှုဖြစ်ပွားလျှက်ရှိပါသည်။

         ထိုသို့ တံတားဖောက်ခွဲဖျက်ဆီးဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က  ခရိုင်ရဲမှူး၊ လခရအဖွဲ့များနှင့် တာဝန်ရှိသူများက တံတားတွင် သွားရောက်ကြည့်ရှုနေစဥ် အကြမ်းဖက်သောင်းကျန်း သူများက Drone ဖြင့် Drop Bomb ၅ လုံး ပစ်ချတိုက် ခိုက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း အပါအဝင် လူအချို့(စိစစ်ဆဲ) ထိခိုက်ဒဏ်ရာရရှိကြကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးခေါင်းစဥ်တပ်ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်မှာ ပိုမိုထင်ရှားလာပြီး ယခုဖြစ်စဥ်သည်သည်လည်း ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပါသည်။

#PAN