ရေးမြို့နယ်၊ဒူးယာကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်တွင် နာရေးလိုက်ပါပို့ဆောင်စဉ် သာမန်ပြည်သူ တစ်ဦးကို အကြမ်းဖက်ရေးဘီးလူးအဖွဲ့ အဖွဲ့က သေနတ်ဖြင့် ပစ်သတ်

ဇွန် ၂၆

       ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့၏ အနောက် မြောက်ဘက်(၄)မိုင်၊ (၅)ဖာလုံခန့်အကွာရှိ ဒူးယာကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်နေ စိုးအောင် ၊၆၄ နှစ်၊(ဘ)ဦးကျော်ညွန့်၊ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်ကိုင်သူသည် ကျေးရွာအတွင်းရှိ နာရေးလိုက်ပါပို့ဆောင်စဉ် မြို့ဟောင်းကုန်းသင်္ဂြိုင်းကုန်းအရောက်၌  အကြမ်းဖက်ရေးဘီးလူးအဖွဲ့ အဖွဲ့ဝင် ၂ ဦးတို့သည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသည့် ၉မမ ပစ္စတို သေနတ်ဖြင့် ၁၀ ချက်ခန့်ပစ်ခတ်၍ အဘော်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

        ထိုသို့ ပစ်ခတ်မှုကြောင့် စိုးအောင် တွင် လည်ပင်းဝဲဘက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ မေးစေ့ အောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာရင်အုံ ကျည်ဖောက်ထွက်ဒဏ်ရာ ၄ ချက်၊ ဝဲခါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျော ကုန်းကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာပေါင်ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း၊ ၄င်းအပြင် နာရေးလိုက်ပါ ပို့ဆောင်သူများအနက်မှ မဇင်မာနွယ်၊၃၀နှစ်၊(ဘ)ဦးရီဝင်း၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ဓမင်းကုန်းရပ်၊ အစင်စံပြကျေးရွာ၊ ရေးမြို့နယ်နေသူတွင် ဝဲဘက်ဒူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ပေါင်ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

    သေဆုံးသူ စိုးအောင် သည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး နယ်မြေလုံခြုံရေးကိစ္စများတွင် နယ်မြေခံတပ်ဖွဲ့များအား ကူညီဆောင်ရွက်ပေးနေသူဖြစ် ကြောင်း၊မကြာမီ ရက်ပိုင်းအတွင်းက ဦးစိုးအောင် သည် ဦးသန်းရှိန်(ခ)ဦးကုလားကြီး(မြတ်သူရကုမ္ပဏီပိုင်ရှင်)ဆိုသူနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ရေးမြို့၊ မြို့မရဲစခန်း၌ အပြန်/အလှန် အမှုဖွင့်ခြင်းများရှိခဲ့ကြောင်း သိရပါသည်။

#PAN