ဆားလင်းကြီးမြို့နယ်၊နှောကတို့ရွာတွင် ရွာခံ ရွာသူ/သားများနှင့် သံဃာများမနေထိုင်ဘဲ ရှောင်တိမ်းနေကြပြီး အ​ခြားမြို့နယ်မှအကြမ်း ဖက် PDFများက ရွာအတွင်းအခြေပြုတပ်စွဲထား

ဇွန် ၂၂

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊နှောကတို့ရွာတွင်  ရွာခံ ရွာသူ/သားများနှင့် ဘုန်းကြီးကျောင်းမှ သံဃာများမှာ မနေထိုင်ရဲ၍ အခြားမြို့နယ်သို့ ရှောင်တိမ်းနေကြသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုအခါ အခြားမြို့နယ်များမှ အကြမ်းဖက်သောင်းကျန်းသူ PDFများက ဘုန်းကြီးကျောင်း၌ တပ်စွဲနေထိုင်ကြကြောင်း၊ဘုန်းကြီးကျောင်းမြောက်ဘက် နှစ်ထပ်တိုက်ပေါ် လက်နက်ကြီး တပ်ဆင်ထားကြောင်း သိရှိရပါသည်။

   ယခုအခါ ချင်းတွင်းမြစ်ရေမှာ တိုးလာပြီဖြစ်၍ မြစ်အရှေ့ဘက်ရှိ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပြည်သူ့စစ်အဖွဲ့ထံသို့ ရိက္ခာပို့ရန် နီးပြီဖြစ် ကြောင်း၊ ထိုသို့ လာပို့လျှင် ပစ်ခတ်တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင် လူစုဆောင်းနေကြောင်း အကြမ်းဖက်PDFများနှင့် နီးစပ်သူထံမှ သတင်းရရှိပါသည်။

#PAN