ဖျာပုံမြို့နယ်၊ ကံကြီးကုန်းကျေးရွာတွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ကာလတန်ဘိုး ၅၃ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့

ဇွန် ၂၁

       ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဂျိုဝါထလွန်ကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာနေ ကိုနိုင်ဝင်းထက်နှင့် မသူဇာဝင်းတို့၏ နေအိမ်သို့ အမည်မသိ လူ ၅ ဦးခန့်ရောက်ရှိလာပြီး ဓားဖြင်ထောက်ကာ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဓားထောက်အနုကြမ်းစီးခဲ့မှုတွင် အဆိုပါအိမ်ရှင်ပိုင်ပစ္စည်းများဖြစ်သည့် ရွှေဆွဲကြိုး(၁)
ကုံး၊ ငါးမူးသားရွှေလက်စွပ် ၂ ကွင်း၊ (၁) မတ်သား ရွှေနားကပ် ၁ ရံ ၊ Redmi အမျိုးအစား ဖုန်း ၁ လုံး၊ ViVO အမျိုးအစားဖုန်း ၁ လုံး၊ ငွေစက္ကူ ၅ သိန်းကျပ်ခန့်၊ စုစုပေါင်းကာလတန်ဘိုး ၅၃ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

     အထက်ပါ အနုကြမ်းစီးမှုနှင့် ပတ်သက်၍ တရားခံများဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

#PAN