“အီဂျစ်နိုင်ငံရဲ့ BRICS တွင် ပါဝင်ရန် လျှောက်ထားခဲ့​ခြင်းကို ထောက်ခံကြောင်း ကိုင်ရို(အီဂျစ်)ဆိုင်ရာ ရုရှားသံ အမတ်ကြီး ပြောကြားခဲ့”

ဇွန် ၁၄

အီဂျစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Georgy Borisenko က ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံ သည် အီဂျစ်နိုင်ငံ ၏ BRICS အဖွဲ့အစည်းကြီးတွင် ပူးပေါင်းပါဝင်နိုင်ရန် ခြေလှမ်းသစ်များကို ထောက်ခံကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အီဂျစ်က BRICSအဖွဲ့အစည်းကြီးတွင်ပါဝင်နိုင် ရန်အလွန်စိတ်ပါဝင်စားနေပြီး BRICS အဖွဲ့၏အဖွဲ့ဝင်များအားလုံးထံ ပေးပို့ထားသော တရားဝင်စာများအတွက် ကျနော်တို့ ထောက်ခံကြောင်း ဆန္ဒပြု ညွှန်ပြထားပြီးဖြစ်တယ်” လို့ Borisenko ကအဆိုပါ အင်တာဗျူးတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက် ရုရှားသံတမန်က မော်စကို(ရုရှား) သည် ကိုင်ရို(အီဂျစ်) ၏ BRICS အဖွဲ့ကြီးတွင် ပါဝင်နိုင်ရန် အဆိုပြုလျှောက်လွှာကို ထောက်ခံ ကြောင်းနှင့် BRICS အဖွဲ့ကြီး အတွင်းသို့ အီဂျစ်နိုင်ငံ ၏ အပြည့်အဝဝင်ရောက်လာမှုကို ကျေနပ် အားရလိမ့်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသေးတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။