“S. Venkat Narayan၏ မြန်မာနိုင်ငံ ခရီးစဥ် အပြီး အရှေ့တောင်အာရှ FCC သတင်းထောက် အသင်းကြီးမှ သတင်းသမား ၁၀ဦး နုတ်ထွက်ခဲ့ကြ”

ဇွန် ၁၃

အိန္ဒိယနိုင်ငံအတွင်းရှိ ဥရောပနှင့် အနောက် နိုင်ငံများတွင် အခြေစိုက် လုပ်ဆောင်နေသည့် သတင်းဌာနများမှ နိုင်ငံခြား သတင်းထောက် ၁၀ ဦးသည် ၎င်းတို့ FCC သတင်းထောက်အသင်းကြီး၏ ဥက္ကဌတစ်ဦးဖြစ်သည့် အိန္ဒိယနိုင်ငံနာမည်ကျော် စာရေးဆရာကြီး S Venkat Narayan ရဲ့ ၃ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် နိုင်ငံခြား သတင်းထောက် များအသင်း အရှေ့တောင်အာရှ (FCC) အဖွဲ့ဝင်များအဖြစ်မှ စွန့်လွှတ် နှုတ်ထွက်ခဲ့ ကြတာ ဖြစ်ပါတယ်။

Narayan သည် ပြီးခဲ့သည့် ဇွန်လ ၆ ရက်မှ ဇွန်လ ၉ ရက်နေ့ အထိမြန်မာ နိုင်ငံသို့လာရောက် လည်ပတ် ခဲ့တာဖြစ်ပြီး ၎င်း၏ အရှေ့တောင်အာရှနိုင်ငံ များအကြောင်း “အယ်ဒီတာ့အာဘော် အကြောင်း အရာ” နှင့်ပတ်သက်ပြီး ၎င်း၏ “ရှုထောင့်”များသည် မြန်မာ့တပ်မတော် အစိုးရဦးဆောင်သော အစိုးရအဖွဲ့ကို အလေးပေးပြီး အိန္ဒိယ သတင်းစာများ တွင်ထည့်သွင်းရေးသား မျှဝေပေးခဲ့တာ လည်းဖြစ်ပါတယ်။

အဆိုပါ S Venkat Narayan ၏ မြန်မာနိုင်ငံအတွင်းသို့ သွားရောက် လည်ပတ်ခဲ့မှုနှင့် ပတ်သတ်ပြီး အိန္ဒိယနိုင်ငံ ဒေလိီမြို့တွင် အခြေစိုက်ထားကြသော နိုင်ငံခြား သတင်းဌာနများဖြစ်ကြသည့် WaPo ၊ FT နှင့် AFP သတင်းဌာနတို့မှ သတင်းထောက် များက အရှေ့တောင်အရှ သတင်းထောက် များအသင်း FCC အဖွဲ့အစည်း ကြီးကနေ နှုတ်ထွတ်ခဲ့ကြတာ လည်းဖြစ် တယ်လို့ သတင်းဌာနများ က ယနေ့ ဇွန်လ ၁၃ရက်နေ့တွင် ဖော်ပြပြော ဆိုနေကြတာ လည်းဖြစ်ပါတယ်။