ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာတွင် သာမန်ပြည်သူ တစ်ဦး၏ နေအိမ်ခေါင်းမိုးသို့ လက်လုပ်ဗုံးတစ်လုံးကျရောက်ပေါက်ကွဲ

ဇွန် ၁၃

     ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာ၊အမှတ်(၁)ရပ်ကွက်နေ ဦးကျော်ဇေယျ၊၄၃နှစ်၊(ဘ)ဦးကျော်မြင့်၊ယာဥ်မောင်း၏ RC တစ်ထပ်တိုက် နေအိမ်သွပ်မိုးပေါ်သို့ လက်လုပ်ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ပေါက်ကွဲမှုကြောင့် နေအိမ်သွပ်မိုးတွင် ၆ လက်မခန့် အပေါက်ဖြစ်သွားကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း၊ ဦးကျော်ဇေယျ သည် သာမန်ပြည်သူ တစ်ဦးသာဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ထိုသို့ ဗုံး ပစ်ပေါက်ခြင်းဖြစ်သည်ကို မသိရသေးကြောင်း သတင်းရရှိပါသည်။

#PAN