နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာတွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများကအုပ်ချုပ်ရေးမှူးတစ်ဦး၏ ဖခင်ကို သတ်ဖြတ်ပြီး နေအိမ်ကို မီးရှိုဖျက်ဆီး

ဇွန် ၁၂

        မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာတွင် ဦးဇင်ဝင်း၊၃၈နှစ်၊(ဘ)ဦးမောင်ကြည်၊ဗမာ/ဗုဒ္ဓ၊အုပ်ချုပ်ရေးမှူး၊ ဇေဒိတ်ကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူ၏ ဖခင်ဖြစ်သူ ဦးမောင်ကြည်၊၆၈နှစ်၊(ဘ)ဦးဇီယာ၊မှီခို၊ ဇေဒိတ်ကျေးရွာနေသူတို့ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၄ ဦးက သေနတ်နှင့်ပစ် ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမောင်ကြည် ယာဘက်နားနောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားထင် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း၊ ဦးဇင်ဝင်း ပိုင်ဆိုင်သောထန်းရွက်မိုး၊ ထရံကာ ၃ ပင် ပတ်လည်နေအိမ်အား မီးလောင်ကျွမ်းခဲ့ကြောင်း၊ ကာလတန်ဖိုးငွေ ကျပ်(၂)သိန်းခွဲခန့် ပျက်စီးဆုံး ရှုံးခဲ့ကြောင်းသိရှိရပါသည်။

  ဖြစ်စဉ်မှာ ယနေ့ ညနေ ၄ နာရီ ၁၅ မီးနစ်အချိန်ခန့် တွင် ဦးဇင်ဝင်းသည် နေအိမ်တွင် ဖခင်ဖြစ်သူ ဦးမောင်ကြည်၊ မိခင်ဖြစ်သူ ဒေါ်တင်တင်၊၇၃ နှစ်၊ (ဘ) ဦးကံညွန့်၊ မှီခို၊ ဇေဒိတ်ကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူနှင့် အတူရှိနေစဉ် လူသတ် အကြမ်း ဖက်PDF ၄ ဦးခန့်သည် အိမ်၏မြောက်ဘက် ယာခင်းအတွင်းမှ မပြေးနဲ့ဟုပြော၍ သေနတ် ၁ ချက် ပစ်ခတ်ခဲ့ရာ ဦးဇင်ဝင်းမှ ထွက်ပြေးတိမ်း ရှောင်ခဲ့ပြီး ဖခင်ဖြစ်သူ ဦးမောင်ကြည် နှင့် မိခင် ဖြစ်သူ ဒေါ်တင်တင် တို့နှစ်ဦးမှာ ထွက်မပြေးဘဲကျန်နေခဲ့ရာ အကြမ်းဖက်အဖွဲ့မှ ဦးမောင်ကြည်အား သေနတ်ဖြင့် ပစ်ခတ်၍ နေအိမ်အား မီးရှို့ဖျက်စီးခဲ့ကြောင်း၊ KenBo 125 နီ/နက် ကြားရောင်ဆိုင်ကယ် ၁ စီး၊ (၅ သိန်းကျပ်ခန့်)နှင့် Oppo အပြာရောင်ဖုန်း ၁ လုံး(၁သိန်းကျပ်ခန့်)တို့ကို ယူဆောင်၍ကျေးရွာမြောက်ဘက် လက်ပန်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များက ဇေဒိတ်ကျေးရွာ၊ လက်ပန်ကျေးရွာ၊ မကျီးကုန်းကျေးရွာများသို့ လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အမည်မသိ အကြမ်းဖက်သမား ၄ ဦးခန့်အား နမစ(ကနု)၏ (ပ)၄/ ၂၀၂၃၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN