“အိန္ဒိယနိုင်ငံ Odishaပြည်နယ်တွင် နောက်ထပ် မီးရထားလမ်းချော်မှုဖြစ်ပွား”

ဇွန် ၅

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ် Odisha အတွင်းရှိ Bargarh ခရိုင် Sambardhara ရွာကြီး အနီးတွင် ထုံးကျောက်များ တင်ဆောင်လာသော ကုန်စည်ရထားတွဲများစွာ ယနေ့ လမ်းချော်မှု ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

အဆိုပါ ရထားသည် Dunguri ရွာမှ Bargarh မြို့ သို့ ရထားလမ်းကြောင်း ပြောင်းနေစဥ် လမ်းချော သွားခဲ့ရတာဖြစ်ပြီး လူ အသေအပျောက် ကို တော့ လောလောဆယ်တော့ မသိရသေးဘူးလို့ အိန္ဒိယ သတင်းဌာနများ ကထုတ်ပြန် ကြေညာထား ကြပါတယ်။