“မိုခါ”မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ SUNS Co., Ltd ၏ ကုမ္ပဏီခွဲဖြစ်သည့် Sunshine Yangon Company မှ အလှူငွေ ပေးအပ်လှူဒါန်း

ဇွန် ၁

    ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆိုးလ်မြို့ အခြေစိုက် SUNS Co., Ltd ၏ ကုမ္ပဏီခွဲဖြစ်သည့် Sunshine Yangon Company ဥက္ကဋ္ဌ Mr. Kim Tae-won က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ)  ကို ၁-၆-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် (၁၄:၃၀) နာရီတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့ပါသည်။

     ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က “မိုခါ”မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားကာ အခုကဲ့သို့ မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့်အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်​ပြန်ထားပါသည်။

#PAN