ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်း သူများက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် အရပ်သားပြည်သူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ ၆နှစ်အရွယ် ကလေးအပါအဝင် ၆ ဦးဒဏ်ရာရ

မေ ၃၁

     ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊လှည်းလမ်းကူးကျေးရွာရှိ ဦးစောထွန်း၏ နေအိမ်အပေါ်သို့  (စိစစ်ဆဲ) အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်ခဲ့သည် လက်နက်ကြီးကျည် ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပါသည်။

    ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ ဦးစောထွန်း၏ နေအိမ်တွင် ဦးစောထွန်း အပါအဝင် ၎င်းနှင့်အတူ ရှိနေကြသူများကို လက်နက်ကြီးထိမှန်ခဲ့ကြရာ ဦးစောထွန်း၊၃၃ နှစ်၊(ဘ)ဦးရွှေသောင်း၊ မပတ(မမှတ်မိ)၊ ကရင်/ဗုဒ္ဓ၊ ခြံလုပ်၊လှည်းလမ်းကူး ကျေးရွာနေသူတွင် ဝဲလက်ညိုးပေါက်ပြဲ၊ ဝဲခြေသလုံးရိုးကျိုးအစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မြင့်မြတ်လင်း၊၁၃ နှစ်၊(ဘ)ထွန်းလင်း၊ ကရင်/ဗုဒ္ဓ၊ လှည်းလမ်းကူးကျေးရွာနေသူတွင် ဝဲလက် ကောက်ဝတ်ရိုးကျိုး၊ ယာပခုံးပေါက်ပြဲ၊ ယာခြေသလုံးပေါက်ပြဲ၊ ဦးခေါင်းပေါက်ပြဲ၊ ဝဲဘက်ဆီးခုံအစထိမှန် ဒဏ်ရာ(စိုးရိမ်ရ)၊ဒေါ်ဝင်းစန္ဒာမြင့်၊ ၃၀ နှစ်၊(ဘ)ဦးမြင့်ရွှေ၊ မပတ(မမှတ်မိ)၊ ကရင်/ဗုဒ္ဓ၊ မှီခို လှည်းလမ်းကူးကျေးရွာ နေသူတွင် ယာခြေသလုံးအစ ထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ထွန်းထွန်းလင်း၊ ၃၇ နှစ်၊ (ဘ)ဦးစံငွေ၊ မပတ(မမှတ်မိ)၊ ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊လှည်း လမ်းကူးကျေးရွာနေသူတွင် ဝဲပေါင်ပေါက်ပြဲ၊ ဝဲလက် ကောက်ဝတ်ပေါက်ပြဲ၊ ယာလက်မောင်းအစထိမှန် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ယွန်းရတီထွန်း၊ ၆ နှစ်၊(ဘ)ဦးထွန်းလင်း၊ ကရင်/ဗုဒ္ဓ၊လှည်း လမ်းကူးကျေးရွာနေသူတွင် ဝဲခြေထောက် အစ ထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊မောင်သိမ်းပိုက်စိုးစံ၊ ၁၅ နှစ်၊ (ဘ)ဦးစောထွန်း၊ ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊ လှည်းလမ်းကူးကျေးရွာ နေသူတွင် ယာခြေ သလုံးအစထိမှန်ပေါက်ပြဲ၊ ယာလက်ကောက် ဝတ်/လက်ညိုးအစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ပြီး ကျိုက်ထိုပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးကုသ ခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN