ကချင်ပြည်နယ် အင်းတော်ကြီးအိုင်အနီးဗဟိုပြု၍ ၅.၈ အဆင့်ရှိသော အားအသင့်အတင့်ပြင်းထန်သည့် ငလျင်လှုပ်ရှားသွား

မေ ၃၁

    ယနေ့ ညနေ ၅ နာရီ ၅၀ မီးနစ်အချိန်က ကချင် ပြည်နယ်၊အင်းတော်ကြီးအိုင်အနီး တောင်တန်းဒေသအောက်အနက် ၆ မိုင်ကျော်မှ ဗဟိုပြု၍ ၅.၈ အဆင့်ရှိသော အားအသင့်အတင့်ပြင်းထန်သည့်ငလျင် လှုပ်ရှားသွားပြီး ငလျင်ဗဟိုချက်အနီးက ပျက်စီးမှုအချို့ရှိနိုင်ကြောင်း သိရပါသည်။

   အဆိုပါ ငလျင်ဟာ အင်အားပြင်းအားပမာဏ မဂ္ဂနီကျု ၅.၈ အဆင့်ရှိသော အားအသင့်အတင့်ပြင်းထန်ငလျင်အမျိုးစားဖြစ်သောကြောင့် ငလျင်လှုပ်ရှားမှုအား အထက်မြန်မာနိုင်ငံဒေသပြည်သူများ (မြန်မာနိုင်ငံ ၄၅%) ခန့် မှ သိသိစာသာခံစားကြရမည် ဖြစ်ပါသည်။ 

   သိုဖြစ်ပါ၍ လတ်တလောမှာ ငလျင်ဗဟိုချက်အနီးက ဒေသတွင်းနေထိုင်သူမိဘပြည်သူများအနေနှင့် နောက်ဆက်တွဲ aftershock ဖြစ်လာနိုင်ခြေအား အထူးသတိပြုကြပါရန် တိုက်တွန်းနိုးဆော်ထား​ကြောင်း သတင်းရရှိပါသည်။

#PAN