ပွဲစီစဉ်ပေးဖို့ တောင်းဆိုနေတဲ့ ရိုင်နီယာ

ရိုင်နီယာကတော့ ရူအိုတိုလိုကို ရှုံးအပြီးမှာ နောက်ပွဲတစ်ပွဲကို အမြန်ထိုးသတ်ချင်နေပုံ ပေါ်ပါတယ်။
နှစ်ပွဲဆက် ရှုံးနိမ့်နေသူ ရိုင်နီယာအနေနဲ့ ပွဲဆာလာပုံ ပေါ်ပါတယ်။
သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ “ငါက ရိုင်နီယာ ဒီရိုက်ဒါပါ၊ ငါအခု ပွဲထိုးချင်နေတယ်၊ ဘယ်သူရှိမလဲ” ဆိုပြီး ပို့စ်တင်ထားခဲ့ပါတယ်။
မစ်ဒယ်ဝိတ်တန်းမှာလဲ ရိုင်နီယာကို အနီးစပ်ဆုံးစိန်ခေါ်နိုင်တဲ့ ဖိုက်တာက အောင်လပဲရှိတယ်။ ဆိုတော့ One Championship ဘက်က ရိုင်နီယာကို ဘယ်သူနဲ့ပွဲတည်ပေးမလဲ စိတ်ဝင်စားစရာကောင်းနေပါပြီ . . .။
Photo: Reinier Deridder fb