“နိုင်ငံတော် အကျိုးအတွက် တရုတ်နိုင်ငံအတွင်းရှိ BRICS ဘဏ် နှင့် ပူးပေါင်းမှုများပြုလုပ်မိ Saudi Arabic”

မေလ ၃၀

ဆော်ဒီနိုင်ငံတော်၏အကျိုးအတွက် တရုတ်နိုင်ငံအတွင်းရှိ BRICS ဘဏ်နှင့် ပူပေါင်းဆောင်ရွက်မှုများကို Saudi Arabiaနိုင်ငံက ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိပါတယ်၊ ဒါပေမယ့် နိုင်ငံ့စီးပွားရေးကဏ္ဍက လည်းအရေးကြီးဆုံးထဲမှာပါနေပါတယ်”လို့ လက်ဘနွန်စီးပွားရေးပညာရှင် Jassem Ajaka က Saudi Arabiaနိုင်ငံ၏ မြို့တော် Riyadh နှင့် BRICS အဖွဲ့အစည်းကြီး၏ New Development Bank တို့ကြား ပြီးခဲ့သည့် မေလ ၂၈ရက်နေ့ကပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများ အပေါ် မှတ်ချက်ပေး ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံတော်သည်BRICS ဘဏ်နှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍများတွင် ပါဝင်သွားမှာဖြစ်သော်လည်း စိီးပွားရေးဆိုင်ရာ ချိန်ညှိမှုများတွင် “အတော်လေးအချိန်ကြာရှည်သော လုပ်ငန်းစဉ်များ ဖြစ်လာလိမ့်မယ်”လို့ ဆော်ဒီနိုင်ငံ၏ စီးပွားရေး ပညာရှင်များက သုံးသပ် ပြောကြားခဲ့ ကြပါတယ်။

“ဆော်ဒီအာရေဗျနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံ အများဆုံး တင်သွင်းထုတ်လုပ်နေသည့် နိုင်ငံ ဖြစ်ပြီး BRICS နိုင်ငံများသည် အမျိုးမျိုးသော ကုန်ပစ္စည်း များစွာကို ထုတ်လုပ်နေကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်ခြင်းဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ ယူဆမိပါတယ်” လို့ Ajaka က ထပ်လောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။