စပါးနဲ့PSG နည်းပြဟောင်း ပိုချက်တီနို အား (2)နှစ်စာချုပ်ဖြင့် ချယ်လ်ဆီး ခေါ်ယူ

ချယ်လ်ဆီးအသင်းဟာ လစ်လပ်နေသော နည်းပြရာထူးအတွက် စပါးနှင့် PSG နည်းပြဟောင်း ပိုချက်တီနိုကို (2)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ပိုချက်တီနိုကို ချယ်လ်ဆီးအသင်း၏နည်းပြအဖြစ် ဇူလိုင်(1)ရက်နေ့တွင် စတင်ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိစာချုပ်မှာ 2026 ခုနှစ်အထိ ဖြစ်သော်လည်း တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့်အချက် ပါဝင်ကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ 1 ဂိုးစီသရေကျခဲ့ပြီးနောက် 1995-1996 ဘောလုံးရာသီနောက်ပိုင်း 27 နှစ် အကြာမှာ ပထမဆုံးအကြိမ် အမှတ်ပေးဇယားအဆင့် 12 နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။
Photo: Chelsea FC