မတ္တရာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အရံကော်မတီဝင်ကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ပစ်ခတ်သတ်ဖြတ်


မေ ၁၈

    ယနေ့ နံနက် ၈ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ဝန်စုကျေးရွာအုပ်စု၊ရေချောင်းဘို့ကျေးရွာနေ ဦးကျော်မင်း၊၆၉နှစ်၊(ဘ)ဦးညွန့်မောင်၊ သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဥ် ဆိုင်ကယ် ၂စီးဖြင့် အကြမ်းဖက်လူသတ်သမား PDF ၄ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားခဲ့ပါသည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးကျော်မင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိပြီး အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်းနှင့် ၎င်းသည်
မတ္တရာမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမြို့နယ်အရံကော်မတီဝင်ဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN