ဗန်းမောက်မြို့ပေါ်တွင် ပြည်သူလူထုအတွင်းတည်ငြိမ်မှုပျက်ပြားစေပြီး အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ပြီး လူသတ်အကြမ်း ဖက် PDF များက ဝါဒဖြန့်လက်ကမ်းစာစောင်းများ ဖြန့်ဝေ၊ပြည်သူအချို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်


မေ ၂၀

     ယမန်နေ့ ညနေအချိန်တွင် လူသတ်အကြမ်းဖက် PDF များက ဗန်းမောက်မြို့ပေါ်တွင် ပြည်သူလူထုအတွင်း တပ်မတော်မုန်းတီလာစေရေး၊မြို့ပေါ်နေပြည်သူများအတွင်း တည်ငြိမ်မှုပျက်ပြားစေပြီး အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ပြီး ဝါဒဖြန့်လက်ကမ်းစာစောင်းများ ဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

     ၎င်းစာတွင် ၎င်းတို့သည် စစ်ကောင်စီတပ်စွဲနေ
သောနေရာများအားရိက္ခာဖြတ်တောက်ခြင်း၊လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့်ဝင်ရောက်ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊သို့ရာတွင် မြို့နေပြည်သူလူထုအား ငဲ့ညှာနေရသဖြင့် ထိရောက်သောလုပ်ဆောင်မှုများ ပြုလုပ်ရန်ခက်ခဲကြောင်း၊ထိုအချက်ကိုသိသော စစ်ကောင်စီသည်ပြည်သူလူထုကိုအကာအကွယ်ယူ၍ တပ်စွဲလျက်ရှိကြောင်း၊အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်စီးခြင်း အတင်းအာဓမ္မယူဆောင်ခြင်း အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း အမျိုးသမီးများအား မုဒိန်းကျင့်ခြင်းများ ပြုလုပ်နေသည်ကို ပြည်သူများ အသိပင်ဖြစ်ကြောင်း၊၎င်းတို့တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင် စီအား နည်းလမ်းပေါင်းစုံဖြင့် ဘက်ပေါင်းစုံမှတော်လှန်သွားမည်ဖြစ်ကြောင်း၊ထို့ကြောင့်စစ်ရေးအရှိန်အဟုန်မြင့်လာသည့်ကာလများတွင် ပြည်သူများအထိအခိုက် မရှိစေဖို့ ၎င်းတို့နှင့် ပူးပေါင်းပါဝင်ကြကာအမြန်ဆုံးတိမ်းရှောင်ကြရန်အသိပေးလိုက်ပါကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။

     ပြည်သူများအနေဖြင့်လည်း ၄င်း အကြမ်းဖက်လူသတ်PDF များက  ပြောရင်ပြောသလို ရိုင်း စိုင်းယုတ်မှာတတ်သည်ကို သိရှိထားသည်ကတစ်ကြောင်း၊ မိမိတို့အသက်ကိုလည်း အာမခံချက် မရှိသည်က တစ်ကြောင်း စသည်တို့ကြောင့်ယနေ့ နံနက်တွင် မြို့ပေါ်နေပြည်သူအချို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြကြောင်း မြို့ခံပြည်သူများထံမှ သတင်းရရှိပါ သည်။

https://t.me/positiveanglenews

PAN