လောင်းလုံးမြို့ရှိ ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့မောင်းနှင်လာသော မော်တော်ယာဥ်ကို PDF အမည်ခံ လူသတ်အကြမ်းဖက်များက သေနတ်ဖြင့်ပစ်ခတ်

မေ ၂၇

      တနင်္သာတိုင်း​ဒေသကြီး၊ထားဝယ်ခရိုင်​၊လောင်းလုံးမြို့၊(ဃ)ရပ်ကွက်၊အ​နောက်ရပ်၊ လောင်းလုံး – စမ်းလှမ်း​ကျေးရွာသွားလမ်း၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဦး​ကျော်ဇင်စိုး(ခ)ကိုရဲ​လေး၊ ၄၃နှစ်၊(ဘ)ဦးစိုးတင့်၊ ဗမာ/ဗုဒ္ဓ  စမ်းလှမ်း​ကျေးရွာအုပ်ချုပ်​ရေးမှူး မောင်းနှင်​သော​မော်​​တော်ယာဥ်ကို PDF အမည်ခံ လူသတ်အကြမ်းဖက်(စိစစ်ဆဲ)များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။

       ဖြစ်စဥ်မှာ စမ်းလှမ်း​ကျေးရွာအုပ်ချုပ်​ရေးမှူးဦး​ကျော်ဇင်စိုး(ခ)ကိုရဲ​လေးသည် ရာအိမ်မှူးဦးမျိုးဦး၊ စမ်းလှမ်း​ကျေးရွာပြည်သူ့စစ်အဖွဲ​ခေါင်း​ဆောင် ဦး​အောင်ခင် သုံးဦးတို့နှင့်အတူ တိုင်း​ဒေသကြီးအဖွဲ့ရုံးမှ​ ပေးအပ်​သော​ထောက်ပံ့​ကြေး​ငွေလက်ခံယူရန် ဦး​ကျော်ဇင်စိုး ​မောင်းနှင်​သော​မော်​​တော်ယာဥ်ဖြင့်​ လောင်းလုံးမြို့နယ်အုပ်ချုပ်​ရေးသို့​သွားရောက်ခဲ့ပြီး စမ်းလှမ်း​ကျေးရွာသို့ပြန်လည်ထွက်ခွာခဲ့ရာ​ လောင်းလုံးမြို့၊(ဃ)ရပ် ကွက်၊အ​နောက်ပြင်ရပ်၊ တံတားအနီး​ရောက်တွင်အကြမ်းဖက် PDF ၅ဦးခန့်က လမ်း၏ဝဲ ယာ​တောလမ်းန​ဘေးမှဦး​ကျော်ဇင်စိုး(ခ)ကိုရဲ​လေး​မောင်းနှင်လာ​သောယာဥ်ကို ပစ်ခတ်ခဲ့ရာ  ဦး​ကျော်ဇင်စိုး ယာ​ကျောကျည်​ဖောက်ဝင်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့များမှာအ​နောက်ပြင်ရပ်၊ အ​နောက်​တောင်ဘက်​တောအတွင်းသို့ ပြည်လည်ထွက်​ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

       ဒဏ်ရာရရှိသူဦး​ကျော်ဇင်စိုးအားစမ်းလှမ်း​ကျေးရွာနာ​ရေးကူညီမှု့အသင်း​မော်​တော်ယာဥ်ဖြင့်ထားဝယ်မြို့တပ်မ​တော်​ဆေးရုံသို့ပို့​ဆောင်သွား​ကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

#PAN