ပေါင်မြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး လည်းဖြစ်သူ၊ပြည်ခိုင်ဖြိုးပါတီကျေးရွာ ဥက္ကဌ လည်းဖြစ်သူ တစ်ဦးကိုPDF အမည်ခံ လူသတ်အကြမ်းဖက်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

မေ ၂၆

    ယနေ့ ည ၈ နာရီ ၁၅ မီးနစ်ချိန်ခန့်တွင်မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမိ သည်  နေအိမ်၌ရှိနေစဥ် PDF အမည်ခံ လူသတ်အကြမ်းဖက် အင်အား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် လာရောက်၍ နေအိမ်ရှေ့လမ်းပေါ်ခေါ်ထုတ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျောက်ရေတွင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

    လူသတ်အကြမ်းဖက် PDF များ သည် ”ငါနှင့်မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား၍ အကြမ်းဖက်မှုများပြုလုပ်နေကြ ပါသည်။ အဆိုပါ အသတ်ခံရသူ ဦးစိုးမိ သည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည့်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ကျေးရွာပါတီဥက္ကဌ တစ်ဦးလည်းဖြစ်ခြင်းကြောင့် အကြမ်းဖက် PDF များက ပစ်မှတ်ထားသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

#PAN