တံတားဦးမြို့နယ်တွင် သာမန်ပြည်သူ တစ်ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


မေ ၂၄
     
     ယမန်နေ့ ၅ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်၊ပျားကျေးရွာအုပ်စု၊ပျားကျေးရွာနေ သာမန်ပြည်သူ ဦးနေမျိုး၊၄၁နှစ်၊(ဘ)ဦးချစ်ညို၊တောင်သူသည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဥ် အမည်မသိ PDF အမည်ခံလူ သတ်အကြမ်းဖက်သမား ၂ ဦး၊အနီရောင် CZI အမျိုးအစား ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သိရပါသည်။

       အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ် ခတ်မှုကြောင့် ဦးနေမျိုးတွင် ယာ-ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊နောက်ကျော ဝဲ-ခါးအစပ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊အခင်းဖြစ်နေရာအနီးမှ USA LUGER ကျည်ခွံ ၄ ခွံ တွေ့ရှိခဲ့ကြောင်းနှင့် ကိုနေမျိုး၏ ဇနီးဖြစ်သူ မကြူကြူသင်း၊ ၃၈ နှစ်(ဘ)ဦးကျော်ဌေး မှ ပစ်ခတ်သူများကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ယနေ့ နံနက်တွင် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

    PDF အမည်ခံ လူသတ်အကြမ်းဖက်သမားများ၏ သာမန်ပြည်သူတစ်ဦးအပေါ် လက်နက်အားကိုးဖြင့် အနိူင်ကျင့်သတ်ဖြတ်ခဲ့ခြင်းအပေါ် ပြည်သူလူထုမှ များစွာစက်ဆုပ်မုန်းတီးလျက်ရှိကြောင်း  သိရှိရပါသည်။

PAN