ဆီးဂိမ်းတွင် ခိုက်ရန်ဖြစ်ခဲ့သည့် ကစားသမားများနှင့် နည်းပြကို ထိုင်းဘောလုံးအဖွဲ့ချုပ် အရေးယူ

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2023 ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန် ထိုးကြိတ်မှုများဖြစ်ပေါ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဘောလုံးအဖွဲ့ချုပ် FA Thailand က ပါဝင်ပတ်သက်ခဲ့တဲ့ ထိုင်းကစားသမားများနဲ့ ထိုင်းနည်းပြအဖွဲ့ဝင်များကို ပြစ်ဒဏ်ချမှတ်ကြောင်းကြေညာခဲ့ပါတယ်။
ကစာသမား နှစ်ဦးဖြစ်ကျတဲ့ Teerapak Prueangna နဲ့ Soponwit Rakyart တို့ကို နိုင်ငံအသင်းပွဲစဉ်ပါဝင်ကစားခွင့် 6 လပိတ်ခြင်း၊ ထိုင်းဘောလုံးအသင်း နည်းပြအဖွဲ့ဝင် 3 ဦး တို့ကို 1 နှစ် တာဝန်မှရပ်ဆိုင်းခြင်းများ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

#PAN