စေတုတ္တရာမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျန်းမာရေး ဝန်ထမ် တစ်ဦးတို့ကို PDF အမည်ခံလူသတ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်

မေ ၂၆

      မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နှင့် ၁၇ မိုင်အကွာတွင်ရှိသော ပန်းအိကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းနှင့် ကျေးရွာကျန်းမာရေး ဝန်ထမ်ဆရာမတို့ကို PDF အမည်ခံလူသတ်အကြမ်း ဖက်အဖွဲ့က ယမန်နေ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းကို သတ်၍ ရွာထိပ်တွင် ချိတ်ဆွဲပြသထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းဆရာမ ကို ဆက်လက်ဖမ်း
ဆီးထားကြောင်း သိရပါသည်။

    ပြစ်မှူကျူးလွန်သတ်ဖြတ်ခဲ့သော တရာခံများမှာ တောခို NLDပါတီမှ လူငယ်ခေါင်းဆောင် မြင့်ဆွေ ၊ တသီးပုဂ္ဂလကိုယ်စားလှယ် ဝင်းမြင့်ထွေး နှင် ချင်း CNF ခေါင်းဆောင် နေတူး တို့ အဖွဲ့များဖြစ်ကြောင်း သိရသည်။

   တပ်မတော်စစ်ကြောင်းမှ ဦးမြင့်သန်းကိုဖမ်းဆီးသွားကြောင်း သိရသဖြင့် လိုက်လံ ရှင်းလင်းတိုက်ခိုက်စဥ် NUG/PDF လူသတ်အကြမ်းဖက် အဖွဲ့များသည် တပ်မတော် စစ်ကြောင်းကို ပြန် လည် ခုခံတိုက်ခိုက် ရဲခြင်းမရှိဘဲ ခြေဦးတည်ရာသို့ ထွက်ပြေးသွားကြသည်။

   ထိုဒေသအတွင်း NUG PDF လူသတ်အကြမ်း ဖက်များသည် လက်နက်မဲ့ပြည်သူများ၊ ဝန်ထမ်းများကို လက်နက်အားကို အကြမ်းဖက် သတ်ဖြတ်ခြင်းများလုပ်ဆောင်ကြပြီး တပ်မတော်စစ်ကြောင်းများရောက်လာလျှင် ရင်မဆိုင်ရဲဘဲ
ကြောက်လန့် ရှောင်တိမ်း ထွက်ပြေးကြကြောင်း၊ လက်နက်မဲ့ပြည်သူများ၏ အသက်ကို ရက်ရက် စက်စက်သတ်ဖြတ်နေကြသော်လည်း ၎င်းတို့အသက်သေမှာကို အလွန်ကြောက်ရွံကြကြောင်း ဒေသခံပြည်သူများ ပြောကြားခဲ့ပါသည်။

https://t.me/positiveanglenews

PAN