ငါန်းဇွန်မြို့နယ်တွင် အထက်တန်းကျောင်းတစ်​ကျောင်းကို PDF အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ကြဲချရာ အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရ


မေ ၂၆

ယနေ့ နံနက် ၉ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးကျေးရွာရှိ အထက်တန်းကျောင်းကို PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က Drop Bomb ၂လုံးကြဲချ ပစ်ခတ်ခဲ့ရာ ဗုံး ၁လုံးမှာ စာသင်ကျောင်းဝင်းအတွင်းရှိ မြဝတီ​​ကျောင်း ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်မှအမိုးသွပ်ပြားများ၊ဘုရားခန်း၊ပန်ကာ၊မျက်နှာကျက်ပြားများ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး ဆရာ/ဆရာမနှင့်ကျောင်းသား/ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း သိရှိရပါသည်။ 

   နောက်ဗုံး ၁လုံးမှာ စာသင်ကျောင်းမြောက်ဘက်ကပ်လျက်ရှိ ဒေါ်အေးပိုင်၏နေအိမ်ရှေ့တွင်ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဒေါ်အေးပိုင်တွင် ဝဲ-ခြေထောက် တံကောက်ကွေး ပေါက်ပြဲဒဏ်ရာ ၁ချက်၊ယာ-ခြေသလုံး ပေါက်ပြဲဒဏ်ရာ ၂ချက်၊ယာ-ဖနောင့် ပေါက်ပြဲဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိကာ ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကုသထားကြောင်း သတင်းရရှိပါသည်။ 

PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော် လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြရာ ယခုကဲ့သို့

တိုင်းပြည်၏ အနာဂါတ်လူငယ်များ ပညာမဲ့သူ များဖြစ်ပေါ်စေရန်အတွက် စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်လာကြပါသည်။ လူသားတိုင်းလိုက်နာကျင့်သုံးရမည့် ဂျီနီဗာကွန်းဗင်းရှင်းနိုင်ငံတကာဥပဒေကို မသိနားမလည်ဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြသဖြင့် အေးချမ်းစွာစာသင်ကြားလို ကျောင်းသူ၊ကျောင်းသားများနှင့် မိဘများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN