၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဒုတိယနေ့ပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာကျောင်းသားအားကစားပွဲတော် ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း ရုံများတွင်   ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌  ပြေးခုန်ပစ်အားကစားပြိုင်ပွဲနှင့် လူရွေးပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမျိုးလှိုင် လာရောက်ကြည့်ရှုအားပေးသည်။

ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ဒုတိယနေ့တွင် အမျိုးသား၊ အမျိုးသမီး အလျားခုန်ပြိုင် ပွဲ၊ အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ နှင့် အမျိုးသား သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးအမြင့်ခုန်ပြိုင် ပွဲများကိုကျင်းပကြရာ အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် မောင်အောင်မင်းမြတ် (တနင်္သာရီ)က ပထမ၊ မောင်ဇော်မင်းနိုင်(ရန်ကုန်)က ဒုတိယ၊ မောင်ခိုင်ဇော်ဟိန်း (ရခိုင်)က တတိယရရှိကြသည်။ အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင်   မကျော့ကေခိုင်(ဧရာဝတီ)က ပထမ၊   မခင်ပြည့်စုံ(ပဲခူး)က    ဒုတိယ၊  မခင်စိုးစိုးလှိုင်(ရခိုင်)က    တတိယရရှိကြသည်။ 

ထို့ပြင် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲတွင် မအိအိဝိုင်း(တနင်္သာရီ)က ပထမ၊ မလှိုင်လှိုင်မြင့်(ရှမ်း)က ဒုတိယ၊ မမြတ်သဇင် (မကွေး)က တတိယရရှိကြသည်။

အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် မောင်ရဲရင့်အောင်(မကွေး)က ပထမ၊ မောင်သန်းထိုက်မျိုး(ပဲခူး)က ဒုတိယ၊ မောင်ထွန်းလွင်ဦး (နေပြည်တော်)က တတိယဆုများကိုရရှိ ကြပြီး အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲ တွင် မောင်သက်အောင်(မန္တလေး)က ပထမ၊ မောင်နက်ရှိုင်း(တနင်္သာရီ)က   ဒုတိယ၊ မောင်ထက်စိုးခန့်(ကရင်)က တတိယရရှိကြသည်။  

အမျိုးသမီး မီတာ၈၀၀အပြေးပြိုင်ပွဲတွင် မနန်းရွေနု(ရှမ်း)က ပထမ၊ မအိမ်မှူးမြတ် (တနင်္သာရီ)က ဒုတိယ၊ မအိအိမွန်(မကွေး)က တတိယရရှိကြသည်။ အမျိုးသမီးအမြင့် ခုန်ပြိုင်ပွဲတွင်  မမြတ်နိုင်သူ(တနင်္သာရီ)က ပထမ၊ မနန်းဆီလာ(ရှမ်း)က ဒုတိယ၊ မဇင်မာမြင့်(ရန်ကုန်)၊ မခင်ရတနာအောင် (မန္တလေး)နှင့် မမိုးမိုးသူ(ရခိုင်)တို့က ပူးတွဲ တတိယရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သြထငညါ အားကစားခန်းမတွင်ကျင်းပသည့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်က နေပြည် တော်ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင် က မန္တလေးကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ရခိုင်က ပဲခူးကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းက မကွေးကို ၂ ပွဲ ၁ ပွဲဖြင့်လည်း ကောင်း၊ တနင်္သာရီက ကချင်ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း    အသီးသီးအနိုင်ရရှိသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ြ)ရုံ၌ အမျိုး သမီးဘော်လီဘောပွဲစဉ်တွင်  ကရင်က နေပြည်တော်ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးက ရန်ကုန်ကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ စစ်ကိုင်းက ကချင်ကို ၃ ပွဲ၂ ပွဲဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိကြပြီး အမျိုးသားဘော်လီဘောပွဲစဉ်တွင် ဧရာဝတီ က ပဲခူးကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းက မကွေးကို ၃ ပွဲ ၁ ပွဲဖြင့်လည်း ကောင်း၊ ရခိုင်က မွန်ကို သုံးပွဲပြတ်ဖြင့်လည်း  ကောင်း အသီးသီးအနိုင်ရရှိကြသည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်က မွန်ကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ မကွေးက  ရခိုင်ကို  ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ရန်ကုန်က ပဲခူးကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း  အနိုင်ရရှိကြပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်က မန္တလေးကို   ၁၃ ဂိုး ၁ ဂိုးဖြင့်လည်း ကောင်း၊ ရှမ်းက စစ်ကိုင်းကို၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ဧရာဝတီက ရန်ကုန်ကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

ဇန်နဝါရီ ၂၀ ရက်(ယနေ့)တွင် ပြေးခုန်ပစ်တတိယနေ့ပြိုင်ပွဲများနှင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း (အမျိုးသား၊ အမျိုးသမီး) အုပ်စုပွဲစဉ်များကို   ဆက်လက်ယှဉ်ပြိုင်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။