မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာတစ်ရွာတွင် မီးဖိုချောင်တွင် ငါးကင်ရာမှတစ်ဆင့် လူနေအိမ် ၉ လုံးနှင့် စပါးကျီ ၁ လုံး မီးလောင်းကျွမ်း

ဩဂုတ် ၂၁

       ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာတစ်ရွာဖြစ်သည့် ဆန်ထိုးတန်းကျေးရွာတွင် အသက် ၅၀အရွယ် ဦးမာတာလောင် ပိုင်ဆိုင်သည့် နေအိမ်ရှိ မီးဖိုချောင်မှတစ်ဆင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က စတင်မီး လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၉ လုံးနှင့် စပါးကျီ ၁ လုံး မီးလောင်းကျွမ်းခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဉ်မှာ ဦးမာတာလောင်ရဲ့ သမီးဖြစ်သူ ဒေါ်မကာလာဗာနူရ်ဟာ မီးဖိုပေါ်မှာ ငါးကင်ထားရာမှ တစ်ဆင့် ငါးကင်ကို စတင်မီးလောင်းပြီး ၎င်းမှ မီးဖိုဘေးရှိ တာပေါ်လိပ်ကို မီးကူးစက်လောင် ကျွမ်းခြင်းဖြစ် ကြောင်း သိရသည်။

         ထိုသို့ မီးလောင်ကျွမ်းရာမှတစ်ဆင့် အခြားလူနေအိမ် ၈ လုံးနှင့် စပါးကျီ ၁ လုံးတို့လည်း  မီးကူးစက် လောင်ကျွမ်းရာတွင် ပါသွားခဲ့ခြင်းဖြစပါသည်။

       မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ကာလ တန်ဖိုး ၂,၅၉၃,၀၀၀ ကျပ်ခန့်ဆုံးရှုံးခဲ့ရပြီး လူ/တိရစ္ဆာန် ထိခိုက်/သေဆုံးမှုမရှိခဲ့ကြောင်းနှင့် မီးကို ပေါ့ဆစွာသုံးစွဲခဲ့တဲ့ ဦးမာတာလောင်ကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

#PAN