ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမား PDF များ ထောင်ထားသော လက်လုပ်မိုင်း တစ်ရက်အတွင်း နှစ်နေရာတွင် ပေါက်ကွဲ၊ အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ် ၁၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ ယမန်နေ့ တစ်ရက်တည်းမှာပင် NUG လက် အောက်ခံ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများ ထောင် ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုများ ယမန်နေ့က နေရာ နှစ်ခုတို့တွင် ဖြစ်ပွားခဲ့ပြီး နွား ကျောင်းနေသော အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

       ပထမပေါက်ကွဲမှုဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာထိပ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာတွင် နေထိုင်၍ ဈေးရောင်းအလုပ်ကို လုပ်ကိုင်သည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးနှင့် ၎င်း၏ ဇနီဖြစ်သူနဲ့ အသက် ၅၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

      ဒုတိယ ပေါက်ကွဲမှုဖြစ်စဥ်သည် ရွှေဘိုမြို့၊ အမှတ် (၆)ရပ်ကွက်၊ သီရိမင်္ဂလာရပ်တွင်ရှိသည့် လယ်ကွင်းအတွင်းတွင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင် းအကြမ်းဖက် PDF များက အရပ်သားပြည်သူများ သွားလာတတ်သည့် ကျေးရွာပတ်ဝန်းကျင်နေရာများ၊ ကျေးရွာချင်းဆက်လမ်းများပေါ်တွင် လက်လုပ်မိုင်းများထောင်ထားခြင်းကြောင့် အရပ်သားပြည်သူ ရွာသူ၊ရွာသားများသာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ဖြစ်ပေါ်နေရပါသည်။

#PAN