ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း ဆွေးနွေးတင်ပြ

(လွှတ်တော်) နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၆) ဒုတိယနေ့ကို နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဥပဒေပြုရေးကော်မတီက ဥပဒေဆိုင်ရာ လေ့လာသုံးသပ်ချက်အစီရင်ခံစာကို တင်သွင်းခဲ့သည်။

ထို့ပြင် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီကလည်း ဘဏ္ဍာငွေနှင့်စပ်လျဉ်းသည့် သဘောထားမှတ်ချက်ဆိုင်ရာ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် စစ်တွေမြို့နယ်ရှိ လောကာနန္ဒာစေတီတော် ရင်ပြင်၌ တန်ဆောင်မုန်းလပြည့်နေ့ မီးပုံးပျံလွှတ်တင်ပွဲနှင့် ဆီမီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လှူဒါန်းမှုများပြုလုပ်ကာ ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။